တစ်နေရာတည်း သဘာဝရေပူတွင်း ၃၀ ကျော်ရှိသော ကျိုက်မရောမြို့၊ ရေပူကော့စပ်ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကြောင့် ရေပူများခွဲဝေသုံးစွဲနေမှု မထိခိုက်စေရန် ဒေသခံများလိုလား
မြန်မာနိုင်ငံမှာထူးခြားစွာနဲ့ တစ်နေရာတည်း သဘာဝရေပူတွင်း ၃၄ ခုတည်ရှိတဲ့ မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ တိုက်နယ်ရှိ ရေပူကော့စပ်ရွာဝန်းကျင်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ကိုင်ဖို့ပြင်ဆင်နေတာကြောင့် စိုက်ပျိုးရေးအတွက် သဘာဝ မြေသြဇာအဖြစ် ရေပူတွေကို ခွဲဝေသုံးစွဲနေရတဲ့အပိုင်းမှာ မထိခိုက်စေအောင်လုပ်ပေးဖို့ ဒေသခံများကလိုလားနေတယ်လို့ သိရပါတယ်။