တောင်ကိုရီးယားတွင် တစ်ရက်အတွင်း COVID -19 ကူးစက်ခံရသူ တစ်ထောင်ကျော် တွေ့ရှိပြီး နေ့အလိုက် ကူးစက်မှု အများဆုံး စံချိန်တင်
ကိုရိုနာဗိုင်းရပ်စ် တတိယမြောက် ကူးစက်မှုလှိုင်းကို ထိန်းချုပ်ဖို့ ရုန်းကန်နေရတဲ့ တောင်ကိုရီးယားဟာ ဒီဇင်ဘာ ၁၃ ရက်နေ့ တစ်ရက်တည်းမှာ ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၁၀၃၀ ဦးရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။