တရုတ်ဇီဝဆေးကုမ္ပဏီ ဆိုင်နိုဗက်မှ ကာကွယ်ဆေးပမာဏ ၂၅ သန်း ဝယ်ယူရေးကို အပြီးသတ်နိုင်ရန် ဖိလစ်ပိုင် ပြင်ဆင်နေ
ဖိလစ်ပိုင်အစိုးရဟာ တရုတ် ဇီဝဆေးကုမ္ပဏီ Sinovac ထံကနေ ကာကွယ်ဆေးပမာဏ ၂၅ သန်း ဝယ်ယူပြီး မတ်လလောက်မှာ လွှဲပြောင်းရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေကို အပြီးသတ် လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အထူးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။