နှင်းဆီအဖွဲ့သားတွေကတော့ ယခုတစ်ခေါက်မှာလည်း ကိုဗစ်ကာလမှာတောင် ပရိသတ်တွေကို ပုံစံအသစ်တစ်မျိုးနဲ့ ဖျော်ဖြေဖို့ စီစဉ်ထားကြသလို ဒီပွဲက “NEW NORMAL ROSES” လို့အမည်ပေးထားတဲ့ အမှတ်တရဖျော်ဖြေရေးပွဲဖြစ်ပါတယ်။ ဒီပွဲက အရင်က ကခဲ့တဲ့ နှင်းဆီအငြိမ့်နဲ့လည်းမတူသလို၊ နှင်းဆီ Unplugged Show လိုပဲ သီချင်းသီးသန့်ဆိုသွားမှာမဟုတ်ဘူးလို့သိရပြီး NEW NORMAL LIFE တစ်ခုအနေနဲ့နေရတဲ့အချိန်မျိုးမှာ ဖြစ်နေတဲ့အရာတွေကို performance အနေနဲ့ဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲကိုတော့ ဒီဇင်ဘာလ ၂၄ ရက် ညနေခင်းမှာ ပရိသတ်တွေနဲ့အတူ Online Party ဖျော်ဖြေပွဲအဖြစ်သတ်မှတ် ကျင်းပသွားမယ့်အကြောင်းကို အခုလိုပဲပြောပါတယ်။
Private Close Group အတွင်းမှာ အွန်လိုင်းပါတီအနေနဲ့တင်ဆက်မယ့် “NEW NORMAL ROSES” ဖျော်ဖြေပွဲအကြောင်းပြောလာတဲ့ နှင်းဆီအဖွဲ့သားများ