အိမ်ထဲမှာနေပြီး တစ်မြို့နယ်နဲ့တစ်မြို့နယ်မကူးရတဲ့ အဖြစ်တော့ ပြန်မရောက်ချင်ဘူး၊အခုတောင်အဲ့အခြေအနေကို ပြန်ရောက်မလားမသိဘူး စိုးရိမ်နေတယ်-ကျော်ကျော်
’’အိမ်ထဲမှာနေပြီးတော့ သက်တောင့်သက်သာနဲ့စားနေနိုင်တဲ့လူတွေလည်းရှိသလို အဲ့လူတန်းစားကလည်း နည်းနည်းပဲရှိတယ်၊ နေ့စဉ်ကအလုပ်လုပ်မှ ကိုယ့်အတွက် မိသားစုအတွက် စားဝတ်နေရေးအဆင်ပြေမယ့်လူက အများကြီးရှိတယ် ဒီလိုလူတွေကို အိမ်ထဲမှာပဲနေ အပြင်မထွက်နဲ့လို့သွားပြောလို့မရဘူး၊သူတို့လည်းထွက်ကြရတာပေါ့’’ ဟု သရုပ်ဆောင် ကျော်ကျော်က အခုလိုပဲပြောပါတယ်။