တန်းဆင်းဇုန်ကနေ အာဆင်နယ် မလွတ်မြောက်နိုင်ဘူးလို့ အလန်ရှီးယား ခန့်မှန်းလိုက်တယ်။ ဒီစကားဟာ အာဆင်နယ်ကို အလန်ရှီးယား မုန်းလို့ပြောတာမဟုတ်ပါဘူး။ ၁၉၇၄-၇၅ ရာသီနောက်ပိုင်း ရာသီအစအဆိုးရွားဆုံးစတင်မှုနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အတွက် မဝေးလှတဲ့အမှန်တရားတစ်ခုဖြစ်သွားနိုင်တာပဲ။