သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် အစုလိုက်အပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်ကြောင့် ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ထားရပြီး လေကြောင်းခရီးစဉ်များလည်း ဖျက်သိမ်းထား
ဒီဇင်ဘာလ ၂၁ ရက်က သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆစ်ဒနီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်း ချုပ်ဖို့အတွက် အာဏာပိုင်တွေက ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေ ထပ်မံထုတ်ပြန်ထားရပြီး ပြည်တွင်း လေကြောင်းခရီးစဉ် ဒါဇင်ပေါင်းများစွာကိုလည်း ဖျက်သိမ်းထားရတယ်လို့ သိရပါတယ်။