စစ်ကိုင်းမြို့တွင် ကိုဗစ်ကာလ စားရေးအခက်အခဲကြောင့် ဘုန်းကြီးကျောင်းမှ စွန့်သည့် ထမင်းဟင်းကို အလှူခံသူများအား လူစုလူဝေး မဖြစ်စေရန် နေထိုင်ရာ ရပ်ကွက်သို့ လိုက်လံဝေငှပေး

စစ်ကိုင်းမြို့တွင် ကိုဗစ်ကာလ စားရေးအခက်အခဲကြောင့် ဘုန်းကြီးကျောင်းမှ စွန့်သည့် ထမင်းဟင်းကို အလှူခံသူများအား လူစုလူဝေး မဖြစ်စေရန် နေထိုင်ရာ ရပ်ကွက်သို့ လိုက်လံဝေငှပေး
Published 23 December 2020

စစ်ကိုင်းမြို့မှာ ကိုဗစ်ကာလ စားရေးအခက်အခဲကြောင့် ဘုန်းကြီးကျောင်းမှစွန့်တဲ့ ထမင်းဟင်းကို လာရောက်စောင့်ဆိုင်း ရယူသူများကို လူစုလူဝေးမဖြစ်စေဖို့ မေတ္တာရပ်ခံကာ ပြန်လည်စေလွှတ်ခဲ့ပြီး သက်ဆိုင်ရာမှ သူတို့နေထိုင်ရာ ရပ်ကွက်သို့ လိုက်လံဝေငှပေးမှု အစီအစဉ်ကို ဒီဇင်ဘာ ၂၁ ရက်က စတင်ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။