ဒီဇင်ဘာ၂၁ရက်တွင် ကြာသပေတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့ နှစ်၄၀၀အတွင်း အနီးကပ်ဆုံး ပူးယှဉ်မှုဖြစ်ပေါ်
နေစကြာဝဠာရဲ ့အကြီးဆုံးဂြိုဟ်နှစ်လုံးဖြစ်တဲ့ ကြာသပေတေးဂြိုဟ်နဲ့စနေဂြိုဟ်တို့ဟာ ဒီဇင်ဘာ၂၁ရက် ညနေခင်း ကောင်းကင်ယံမှာ ဂြိုဟ်တစ်လုံးနဲ့တစ်လုံး ပါးချင်းကပ်အနေအထားဖြစ်ခဲ့ပြီး အခုလိုမျိုးဂြိုဟ်နှစ်လုံး အနီးဆုံးပူးယှဉ်တာမျိုးဟာ ၂၀၈၀ အထိ ထပ်မံဖြစ်ပေါ်လာဦးမှာ မဟုတ်ဘူးလို့ဆိုပါတယ်။