-အမေမှာ ကရောဂါအခံရှိနေတော့ အမေ့ကိုတွေ့ချင်ရင်တောင် တော်တော်လှန်းလှန်းလေးကတွေ့ပြီး ပဲနေလာခဲ့ရတာပါ။
-အပြင်မှာ မိသားစုတွေသွားလာနေကျတာကိုမြင်ရင် စိတ်ထဲမှာတော့ တစ်မျိုးလေးဖြစ်ပြီး အိမ်နဲ့မိသားစုကို လွမ်းပေမယ့် Covid ပြီး မှအိမ်ပြန်မယ်လို့ခိုင်မာတဲ့ဆုံးဖြတ်ချက်ချထားပါတယ်။
-အိမ်ကအဖေနဲ့အမေကိုတောင်ခုလိုမပြုစုခဲ့ဖူးဘူး၊ ခု လူနာတွေထဲမှာရောဂါပြင်းထန်တဲ့သက်ကြီး ရွယ်အိုတွေကို ပြုစုပေးနေရင်း အိမ်က အဖေနဲ့ အမေ့ကို လွမ်းတယ်။အရမ်းပြန်ပြီး ပြုစုချင်တယ်။
-အလှူရှင်ကျွေးတဲ့ထမင်းကိုစားနေရတာကြောင့် လူနာတစ်ယောက်ကို စွန့်လွှတ်လိုက်ရတိုင်း လည်ချောင်းထဲမှာ စားထားတဲ့ထမင်းတွေ နင်သွားရတယ်။