တိုင်းနှင့်ပြည်နယ်ရှိ ဝန်ကြီးများကို ကြီးကြီးမားမား ပြောင်းလဲမှုမျိုး မဖြစ်နိုင်ကြောင်းနှင့် ပါတီတွင်း အလုပ်မလုပ်သည့် တာဝန်ရှိသူများကိုမူ အပြောင်းအလဲ လုပ်နိုင်သည်ဟု NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ပြောကြား
သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တိုင်းနှင့်ပြည်နယ်ရှိ ဝန်ကြီးများကို ကြီးကြီးမားမားပြောင်းလဲမှုမျိုး မဖြစ်နိုင် ကြောင်းနဲ့ NLD ပါတီအတွင်းမှာ အလုပ်မလုပ်တဲ့ ပါတီတာဝန်ရှိသူများကိုတော့ အပြောင်းအလဲလုပ်နိုင်တယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။