ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် နောက်ဆုံး ကပ်ရောဂါမဟုတ်သေးကြောင်း WHO အကြီးအကဲ ပြောကြား

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် နောက်ဆုံး ကပ်ရောဂါမဟုတ်သေးကြောင်း WHO အကြီးအကဲ ပြောကြား
Published 28 December 2020

ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းဟာ နောက်ဆုံးကပ်ရောဂါ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တီဒရိုအက်ဟာနွန်ဂျီဘရီးဆက်က ပြောကြားလိုက်ပြီး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနဲ့ သတ္တဝါတွေ ကောင်းကျိုးတို့ကို လုပ်ဆောင်ခြင်းမရှိဘဲ လူသားတို့ရဲ့ ကျန်းမာရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်တာတွေဟာ ပျက်ကိန်းသာ ဖြစ်မယ်လို့ ဆိုပါတယ်။