ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း၁၀၀ ဝယ်ယူရန် ဆေးကုမ္ပဏီ နှစ်ခုနှင့် အင်ဒိုနီးရှားအစိုးရတို့သဘောတူ လက်မှတ်ရေး
အင်ဒိုနီးရှားအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၁၀၀ ကို ဝယ်ယူရေးအတွက် ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ အက်စရာဇယ်နီကာ၊ စီနိုဗက်တို့နဲ့သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဒီဇင်ဘာ ၃၀ ရက်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားပါတယ်။