“ဆင်ဆာနဲ့ပတ်သက်လို့ကတော့ မထိဖူးတဲ့ကားမရှိဘူး၊ တစ်ကားလုံးရိုက်ပြီးမှ မပြရသေးတဲ့ကားတွေတောင်ရှိသေးတယ်” - ယုန်လေး မြန်မာနိုင်ငံမှာ ဆင်ဆာစနစ်ကိုဖျက်သိမ်းပြီး Rating System ကို အမြန်ဆုံးပြောင်းလဲကျင့်သုံးနိုင်ဖို့အတွက် လုပ်ဆောင်ကြရာမှာတော့ အနုပညာရှင်များ၊ ရုပ်ရှင်လောကသားများနဲ့အခြားသော အသိပညာရှင် အတတ်ပညာရှင်များက လက်မှတ်ရေးထိုးထောက်ခံမှုတွေပြုလုပ်ခဲ့ပြီး အဆိုတော် သရုပ်ဆောင် ယုန်လေးနဲ့ ထူးခြား တို့ကလည်း လက်မှတ်ရေးထိုးပြီး ဝန်းရံခဲ့တယ်လို့ဆိုပါတယ်။ ဆင်ဆာစနစ်အပေါ် သူတို့နှစ်ဦးရဲ့အမြင်နဲ့ဘာ့ကြောင့် Rating Systemကို ပြောင်းလဲကျင့်သုံးချင်ရလဲဆိုတဲ့ အပိုင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။
“ရုပ်ရှင်အစည်းအရုံးကို ကားရိုက်က လွဲပြီးရောက်ခဲတယ်၊ ဒါပေမယ့် ဆင်ဆာစနစ်ကတော့ မရှိသင့်တော့ဘူးထင်လို့ သွားပြီးလက်မှတ်ထိုးလာခဲ့တယ်” - ထူးခြား