ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ကြားက Masterclass ပေါင်းစပ်မှုကို ခံစားခြင်း

ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ကြားက Masterclass ပေါင်းစပ်မှုကို ခံစားခြင်း
Published 3 January 2021

ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ကြားက ချစ်ခြင်းမေတ္တာ ဗဟိုပြုနားလည်မှုဟာ မီးတောင်တစ်လုံးလို ပေါက်ကွဲထွက်လာပြီး ပရီးမီးယားလိဂ်ရဲ့ Masterclass ပေါင်းစပ်မှုကို ခံစားနေရပြီ။ ပြီးခဲ့တဲ့ လိဒ်စ်နဲ့ပွဲမှာ ဆွန်ဟောင်မင်ဂိုးသွင်းနိုင်အောင် ဟာရီကိန်း ဖန်တီးပေးနိုင်ပြီးနောက် လက်ရှိရာသီမှာ သူတို့နှစ်ဦးပေါင်းစပ်မှုကနေ ဂိုးရရှိမှု (၁၃)ကြိမ်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း အသင်းဖော်နှစ်ဦးပေါင်းစပ်မှုကနေ ဂိုးရရှိမှုအများဆုံးစံချိန်ကို လိုက်မီခဲ့ပါတယ်။

ရာသီကုန်ဆုံးဖို့ (၂၂)ပွဲ လိုသေးချိန်မှာ ပရီးမီးယားလိဂ်စံချိန်တစ်ခုကို လိုက်မီခဲ့တာပါပဲ။ ဒီတော့ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ပေါင်းစပ်မှုကို Masterclass လို့တင်စားတာ လွန်မယ်မထင်ဘူး။ စပါးရဲ့ ဆုဖလားငတ်မွတ်မှုဝေဒနာကို ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ရဲ့ ချစ်ခြင်းမေတ္တာဗဟိုပြုပေါင်းစပ်မှုက ဖြေရှင်းပေးပါလိမ့်မယ်။ မော်ရင်ဟိုသာ သူ့ရဲ့ ဘတ်စ်ကားဗျူဟာကြီး ခဏခဏ ထုတ်မသုံးရင် ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းရဲ့ ပေါက်ကွဲအားဟာ ပိုပြီးပြင်းထန်နေပါလိမ့်မယ်။