uab bank နဲ့ Media 7 တို့ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံတွင်းရှိ SME လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး “Money Hunt” reality TV program ကျင်းပသွားမယ်လို့သိရပါတယ်။ ဒီအစီအစဉ်မှာတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ SME လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဝင်ရောက်ရှင်ပြိုင်နိုင်ပြီး အနိုင်ရရှိသူအတွက် ကျပ်သိန်း (၃၀၀) နဲ့အာမခံမလိုတဲ့ ချေးငွေ သိန်း (၁၀၀၀) နဲ့ အခြားသောအကျိုးခံစားခွင့်များစွာရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ “Money Hunt” Program ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး တာဝန်ရှိသူများက အခုလိုပဲပြောပါတယ်။