■ တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြို့နယ် ၂၅ မြို့နယ်တွင် မဲမသမာမှုဖြစ်စေနိုင်သည့် မဲစာရင်း ငါးသိန်းနှစ်သောင်းကျော် တွေ့ရှိကြောင်း တပ်မတော်က ကိုးကြိမ်မြောက် ထုတ်ပြန်
■ ဒေါက်တာအောင်မိုးညို ဦးဆောင်သည့်အဖွဲ့အနေဖြင့် တွေ့ဆုံဆွေးနွေးရာတွင် လုပ်ပိုင်ခွင့်မရှိဘဲ သဘောထားနားထောင်ရုံသက်သက်ဆိုလျှင် အလုပ်ဖြစ်ရန်ခက်ခဲမည်ဟု အနိုင်ရတိုင်းရင်းသားပါတီအချို့ ပြောကြား
■ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ပန်ဆန်း(ပန်ခမ်း)မြို့အတွင်း ဒေသခံများနှင့် ပြင်ပမှာလာရောက်သူတစ်ယောက်မကျန် COVID-19 ရောဂါစစ်ဆေးနေစဉ်အတွင်း မြို့ကို Lockdown ချမည်
■ COVID-19 ရောဂါအတည်ပြုလူနာ ၂၄နာရီအတွင်း (၂၂) ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၂၇၆၆ ဦးအထိ ရှိလာ