ဖိုင်ဇာထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးမှာ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲသစ်များကိုလည်း ကာကွယ်နိုင်ပုံရကြောင်း တွေ့ရှိရဟုဆို
ဖိုင်ဇာနဲ့ BioNTech ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟာ ဗြိတိန်နဲ့ တောင်အာဖရိက နိုင်ငံတို့မှာ တွေ့ရှိရတဲ့ ကူးစက်နှုန်းမြန်ဆန်တဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေကို တိုက်ဖျက်နိုင်စွမ်း ရှိပုံရတယ်လို့ ဓာတ်ခွဲ ခန်းမှာ လေ့လာစမ်းသပ်မှုတွေအရ သိရပါတယ်။