ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ ဂရန်နာဒါနဲ့ပွဲမှာ အနိုင်ဂိုးနှစ်ဂိုးသွင်းယူပြီးနောက် လက်ရှိရာသီ လာလီဂါသွင်းဂိုး (၁၁)ဂိုးအထိ ရှိလာခဲ့ပြီး လာလီဂါပြိုင်ပွဲမှာ (၁၅)ရာသီဆက် တစ်ရာသီကို သွင်းဂိုးဆယ်ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။