မူဆယ်မြို့မှ မြေဆီများ တင်ဆောင်လာသော ၂၂ ဘီးတွဲယာဉ်တစ်စီး ဘရိတ်ပေါက်ကာ အရှိန်လွန်တိမ်းမှောက်မှုကြောင့် လေးဦးသေဆုံး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ် မူဆယ်မြို့မှ လားရှိုးမြို့ဘက်ကို ဦးတည် မောင်းနှင်လာတဲ့ ၂၂ ဘီးတွဲ ယာဉ်တစ်စီးမှာ ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက နမ့်ပေါ်တံတားအနီးအရောက် ကုန်းဆင်းမှာ ဘရိတ်ပေါက်ကာ အရှိန်လွန် တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။