အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူအနည်းဆုံး ၈၁ ဦးရှိလာခဲ့ပြီး ဒဏ်ရာရသူများကို ကုသရန် အခက်အခဲများကြုံတွေ့နေ

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူအနည်းဆုံး ၈၁ ဦးရှိလာခဲ့ပြီး ဒဏ်ရာရသူများကို ကုသရန် အခက်အခဲများကြုံတွေ့နေ
Published 19 January 2021

အင်ဒိုနီးရှားရဲ့ ဆူလာဝေဆီကျွန်းပေါ်မှာ လှုပ်သွားခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို အမြန် ဆုံးကုသပေးနေကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ပင်ပန်းမှုဒဏ်ကိုခံနေကြရတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမယ့် အန္တရာယ်နဲ့လည်း ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။