NLD ပါတီ၏ ဖားကန့်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို တပ်မတော်မှ တရားစွဲဆိုထားသည့်အမှုအား ခြောက်လအတွင်း အပြီးပြတ်စစ်ဆေးမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရဲ့ ဖားကန့်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်(ခ)ဦးချိုကို တပ်မတော်က ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတဲ့အမှုကို ခြောက်လအတွင်း အပြီးပြတ်စစ်ဆေးသွားမယ်လို့ စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းက ပြောပါတယ်။