အချိန်တိုအတွင်း COVID – 19 ကူးစက်မှုများသည့် နေရာဒေသများရှိမရှိ အထူးသတိပြုစောင့်ကြည့်နေပြီး ဖြစ်ပေါ်ခဲ့ပါက ဗိုင်းရပ်စ် မျိုးဗီဇတစ်ခုလုံး စစ်ဆေးရန် ညွန်ကြားထားဟုဆို
ပြည်တွင်းမှာအချိန်တိုအတွင်း COVID -19 ကူးစက်မှုများတဲ့ နေရာဒေသတွေရှိမရှိ အထူးသတိပြုစောင့်ကြည့်နေပြီး အဲဒီလိုဖြစ်ပေါ်ခဲ့ပါက အဆိုပါလူနာတွေထံကနေ ဗိုင်းရပ်စ်မျိုးဗီဇတစ်ခုလုံးကို ဆေးသုတေသနဦးစီးဌာနမှာစစ်ဆေးဖို့ ကျန်းမာ ရေးနဲ့အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားတယ်လို့ သိရပါတယ်။