အင်တာနက်လိုင်း 4G သို့ ပြန်လည်ဖွင့်ပေးရေး ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု
သတင်းအချက်အလက်တွေ တိကျမြန်ဆန်ရေး အချိန်နဲ့တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိစေရေး အင်တာနက်လိုင်း 4G အဆင့်ကို ပြန်လည်ဖွင့်ပေးရေး ပြည်နယ်အစိုးရကနေတစ်ဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။