ရသေ့တောင်မြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း မပါဝင်သလားဟု မေးရဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောကြား
ရခိုင်ပြည်နယ်အစိုးရ၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ဖြည့်စွက်ရံပုံငွေရာထားချက် တင်ပြတောင်းခံခြင်းစာရင်းတွင် ရသေ့တောင်မြို့နယ်အတွက် ဇီရိုးဘတ်ဂျတ်သာပါရှိသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် ရသေ့တောင်မြို့နယ်သည် ရခိုင်ပြည်နယ်အတွင်းမပါဝင်သလားဟု မေးရဖွယ်ရှိကြောင်း ရသေ့တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ပြောကြားလိုက်ပါတယ်၊