ဇန်နဝါရီ ၂၁ ရက် နံနက်ခင်း သတင်းအစီအစဉ်
■ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုများနှင့် ပတ်သက်၍ နိုင်ငံရေး အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော် အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် သဘောထားထုတ်ပြန်
■ ရသေ့တောင်မြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း မပါဝင်သလားဟု မေးရဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောကြား
■ ကိုဗစ်အတည်ပြု လူနာသစ် ၄၇၈ ဦးနှင့် သေဆုံးသူ ၁၁ ဦး ထပ်တိုးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၂၉၉၇ ဦးရှိလာ
■ မြင်းခြံတွင် တပ်မတော်ကို ထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲ တရားမျှတမှု လိုလားကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူ သုံးဦးကို ငြိမ်းစုစီဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေများဖြင့် အမှုဖွင့်
အစရှိတဲ့သတင်းတွေ ပါဝင်ပါတယ်။