အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လူသိများကျော်ကြားလျက်ရှိတဲ့ မြန်မာမော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ကတော့ လက်ရှိမှာဆိုရင် တရုတ်၊ စင်္ကာပူ၊ တောင်ကိုရီးယား အစရှိတဲ့ ကမ္ဘာ့နိုင်ငံတွေအထိထိုးဖောက်နိုင်ပြီးတော့ အောင်မြင်မှုရရှိနေတဲ့အပေါ် ဆရာဖြစ်သူ ဂျွန်လွင်က သူ့ရဲ့ ပီတိစကားများကို အခုလိုပဲပြောကြားလာခဲ့ပါတယ်။ တပည့်ဖြစ်သူ ပိုင်တံခွန်က ငယ်ငယ်လေးထဲကလည်းကြိုးစား သလို ဘာသာရေးလည်းကိုင်းရှိုင်းပြီး မိဘကိုလည်း သိတတ်သူတစ်ဦးဖြစ်လို့ အခုလိုအောင်မြင်တယ်လို့လည်းထင်ပြီး ဒီအောင်မြင်မှု တွေကိုဆက်လက်ထိန်းထားနိုင်ဖို့ဆုံးမစကားများလည်းဆိုခဲ့ပါတယ်။
တပည့်ဖြစ်သူပိုင်တံခွန်က ကမ္ဘာ့နိုင်ငံတွေအထိထိုးဖောက်နိုင်ပြီး အောင်မြင်မှု ရလာတဲ့အကြောင်းရင်းကို ပြောပြလာတဲ့ ဂျွန်လွင်