ပုသိမ်မြို့ရှိစည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးဆိုင်အားလုံးနှင့် ပြင်ပစားသောက်ဆိုင် ဈေးဆိုင်များအားညနေ ၄နာရီထိ ဖွင့်လှစ်ရောင်းချခွင့် အချိန်တိုးမြှင့်
ပုသိမ်မြို့ရှိစည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးကြီးများအတွင်းရှိဈေးဆိုင်များနှင့် ပြင်ပစားသောက်ဆိုင်များဈေးဆိုင်များကိုနေ့လည် ၂နာရီအထိသာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားရာမှ မြို့နယ် Covid 19 ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ၏ တင်ပြချက်အရညနေ ၄နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ရန် ဇန်နဝါရီလ ၂၁ရက်နေ့မှ စတင်ကာခွင့်ပြုပေးလိုက်ပြီလို့သိရပါတယ် ။