အိန္ဒိယနိုင်ငံက COVISHIELD ကာကွယ်ဆေး ၁.၅ သန်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး တိုက်ရိုက်ထပ်မံဝယ်ရန် နားလည်မှုစာချွန်လွှာလက်မှတ်ထိုးထား

အိန္ဒိယနိုင်ငံက COVISHIELD ကာကွယ်ဆေး ၁.၅ သန်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး တိုက်ရိုက်ထပ်မံဝယ်ရန် နားလည်မှုစာချွန်လွှာလက်မှတ်ထိုးထား
Published 22 January 2021

အိန္ဒိယနိုင်ငံက COVISHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးယူနစ်ပေါင်း (၁.၅)သန်းကျော် မြန်မာနိုင်ငံကို ဒီကနေ့ဇန်နဝါရီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာရောက်ရှိခဲ့ပါတယ်။ COVISHIELDကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးယူနစ်ပေါင်း (၁.၅)သန်းကျော်ကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar က မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။