မိတ္တီလာမြို့ ဆုတောင်းပြည့် စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော် ကျောက်ဆင်းတုနှစ်ဆူ၏ ဦးခေါင်းတော် ရိုက်ချိုး ဖျက်ဆီးခဲ့မှုဖြစ်ပွား
မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက် ၊ကံဦးအမှတ်(၃)နယ်မြေအတွင်း တည်ထားတဲ့ ဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းက ဂြိုလ်ပြေ၊နာမ်ပြေ ဘုရားရှစ်ဆူအနက် ပလ္လင်အမြင့်အပါအဝင် ညဏ်တော် နှစ်ပေခန့်ရှိ ကျောက်ဆင်း နှစ်ဆူရဲ့ ဦးခေါင်းတော်ကို ရိုက်ချိုးဖျက်ဆီးထားမှုကို ဇန်နဝါရီ ၂၃ ရက်မနက်ပိုင်းက စေတီအကျိုးတော်ဆောင်အဖွဲ့က တွေ့ရှိခဲ့တယ်လို့သိရပါတယ်။