လှိုင်သာယာ Unique HTT စက်ရုံလုပ်သားများ လုပ်သားအခွင့်အရေးအတွက် ဆန္ဒပြတောင်းဆိုရာ အလုပ်ရှင်နှင့် ပြေလည်မှုရပြီးနောက် လုပ်သားခေါင်းဆောင် သံတုတ်ဖြင့် အရိုက်ခံရ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ရှိ့ Unique HTT အထည်ချုပ်စက်ရုံကလုပ်သား ၅၀၀ ကျော်ဟာ သူတို့ရပိုင်ခွင့်အတွက် ဆန္ဒပြ တောင်းဆိုခဲ့ပြီး ပြေ လည်မှုရရှိခဲ့ပြီး လုပ်ငန်းဝင်ပြန်လည်ဝင်ရောက်နေပြီးဖြစ်သလို ဒီဖြစ်ရပ်ဖြစ်ပြီးနောက် ဇန်နဝါရီ ၂၂ရက် ညနေပိုင်း အလုပ်ပြန်ချိန်မှာ စက်ရုံအလုပ်သမားခေါင်းဆောင်ဟာ သံတုတ်နဲ့ အရိုက်ခံခဲ့ရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။