ဗြိတိန်သို့ လူကုန်ကူုးခံရသည့်ဗီယက်နမ်နိုင်ငံသား ၃၉ ဦးသေဆုံးခဲ့မှုအတွက် တရားခံများကို ထောင်ဒဏ်ချမှတ်
လူကုန်ကူးခံရပြီး ကွန်တိန်နာထရပ်ကားတစ်စီးရဲ့နောက်ခန်းထဲမှာ သေဆုံးသွားခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံသား ၃၉ ဦး အမှု မှာ ပါဝင်ကျူးလွန်ခဲ့တဲ့ လူကုန်ကူးသူလေးဦးကို ဗြိတိန်နိုင်ငံမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က ထောင်ဒဏ်အသီးသီးချလိုက်ပြီ ဖြစ် ပါတယ်။