မန္တလေးတိုင်းတွင် COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းကို ဆေးရုံကြီးများတွင်သာ ထိုးနှံပေးမည်ဖြစ်ပြီး အရေအတွက်မည်မျှ ရမည်ကိုမသိရသေး
COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းကို ဆေးရုံကြီးတွေမှာသာ ထိုးနှံပေးမှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွက် ကာကွယ်ဆေး ခွဲတန်းမည်မျှရမယ်ဆိုတာကို မသိရသေးကြောင်းနဲ့ ခွဲတန်းရရှိပါက ဆေးထိုးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ လက်ရှိမှာ ကြိုတင်ပြင်ဆင်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကနေ သိရပါတယ်။