မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာတွင် သန္တာကျောက်တန်းတွေ့ရှိလာရ၍ လူထုအခြေပြု ခရီးသွားလုပ်ငန်းလုပ်ဆောင်ရန် စီစဉ်
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်း၊ သန္တာကျောက်တန်းတွေ တွေ့ရှိလာရတဲ့ ပြင်ကောက်ကျေးရွာကို လူထုအခြေ ပြုခရီးသွားလုပ်ငန်း (Community Based Tourism) ကျေးရွာအဖြစ် ဖော်ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။