လီဗာပူးလ်ရဲ့ ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံ
လီဗာပူးလ်က ယုံကြည်မှုပျက်ပြားနေတာလား။ ဒါမှမဟုတ် တိုက်ပွဲတိုင်းအောင်မြင်လာတဲ့ စစ်သည်တော်တွေဟာ ရန်သူကို အထင်သေးလာတာများလား။ ငါတို့ နိုင်ပြီးသားတိုက်ပွဲတွေ ထပ်ပြီးနိုင်တဲ့အခါ ဘယ်လောက်အရသာရှိမှာလဲ၊ ဘယ်လောက် ပျော်ရွှင်ရမှာလဲဆိုပြီး တွေးနေပြီလား။ လီဗာပူးလ်အသင်းအတွင်းစည်းထဲ ဆာလောင်မှုအသစ်အတွက် ယုံကြည်မှုအသစ် ပြုစုပျိုးထောင်ရမယ့်အချိန်ရောက်လာပါပြီ။ ဘန်လေနဲ့ပွဲအပြီးမှာ ယာဂန်ကလော့ပ်က ယုံကြည်မှုဆိုတာ ပန်းပွင့်ငယ်လေးပဲ၊ အဲဒီပန်းပွင့်ငယ်လေးကို လူတိုင်း ဖျက်ဆီးပစ်နိုင်တယ်ဆိုပြီး ပြောခဲ့တယ်။ ပြီးတော့ ယုံကြည်မှုအသစ်တည်ဆောက်ရေးဟာ လီဗာပူးလ်ရဲ့ အရေးပေါ်ပြဿနာဆိုပြီး သတိပေးလိုက်ပါတယ်။