ရုပ်ရှင်ဇာတ်ကားအခုမှစရိုက်ရတာဖြစ်လို့ MTV ရိုက်ရတာနဲ့ မတူတဲ့အတွက် ပိုကြောက်တယ်လို့ ပြောလာတဲ့ ဘီလီလမင်းအေး
ပရိသတ်တွေချစ်တဲ့ အဆိုတော် ဘီလီလမင်းအေးကတော့ အခုတခါမှာတော့ သီချင်းဆိုတာအပြင် သူမရဲ့ ပထမဦးဆုံးရုပ်ရှင်အဖြစ်နဲ့ “သုံးပွင့်ထပ်တေး” ဆိုတဲ့ဇာတ်ကားမှာ ရဲလေး၊ယဉ်လက်၊ဂိုဂို တို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။သူမအနေနဲ့ အခုမှရုပ်ရှင်ဇာတ်ကား စရိုက်တာဖြစ်တဲ့အတွက် ခံစားချက်လေးတွေကို အခုလိုပဲပြောပါတယ်။