မဟာချိုင်ရှိ ပုဇွန်ဈေးတွင် COVID – 19 လူနာ ၁၁၄ ဦးထပ်တွေ့ပြီး အများစုမှာ မြန်မာလူမျိုးများဖြစ်
Lockdown ချထားတဲ့ ထိုင်းနိုင်ငံ၊ မဟာချိုင်မှာရှိတဲ့ သလာ့ကုန်ပုဇွန်ဈေးမှာ COVID – 19 အတည်ပြုလူနာ ၁၁၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး အများစုက မြန်မာလူမျိုးတွေ ဖြစ်တယ်လို့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC) က ကိုရဲမင်းက ပြောပါတယ်။