ပြည်ထောင်စုအစိုးရအဖွဲ့တွင် တိုင်းရင်းသားများ ပိုမိုပါဝင်လာနိုင်ရန်မျှော်လင့်ကြောင်း NLD ပါတီဆို
အစိုးရသစ်အတွက် ခန့်အပ်မည့်ဝန်ကြီးချုပ်များသည် ပါတီအပေါ် သစ္စာရှိရမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့တွင် တိုင်းရင်းသားများ ပိုမိုပါဝင်လာနိုင်ရန်မျှော်လင့်ကြောင်း NLD ပါတီဆို
လာမယ့်အစိုးရအဖွဲ့အသစ်အတွက် ခန့်အပ်မယ့် ဝန်ကြီးချုပ်တွေဟာပါတီအပေါ် သစ္စာရှိရမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှာ တိုင်းရင်းသားတွေပိုမိုပါဝင်လာနိုင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။