ပြည်ခရိုင်အတွင်းရှိ မတ်ပဲခင်းများတွင် အဝါရောင်မှိုဆစ်ရောဂါများဖြစ်ပွားကာ အခင်းလိုက်ကူးစက်နေ
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၊ ပြည်ခရိုင်တွင်းမှာရှိတဲ့ မတ်ပဲခင်းတွေမှာ ဗိုင်းရပ်(စ်)တစ်မျိုးကူးစက်ပြီး အဝါရောင် မှိုဆစ် ရောဂါတွေဖြစ်ပွားကာ အချို့စိုက်ခင်းတွေမှာ အခင်းလိုက်အထိကူးစက်ပြီး ပျက်စီးဆုံးရှုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။