“အသက် ၁၈နှစ်အောက် ၊ ကိုယ်ဝန်သည်၊ နို့တိုက်မိခင်တွေကိုတော့ ကာကွယ်ဆေးကုမ္ပဏီက ထိုးခွင့်မပြုပါဘူး“
{Current Interviews}
■ သွေးတိုး ၊ဆီးချို ရောဂါအခံရှိသူ၊ သွေးကျဲဆေးသောက်သူတွေကတော့ ကာကွယ်ဆေးထိုး တော့မယ် အချိန်ရောက်ရင် ဆရာဝန်နဲ့သေချာပြပြီး ကာကွယ်ဆေးထိုးဖြစ်အောင် ထိုးစေချင်ပါတယ်။ ’’
ပုသိမ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်
■ မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက် စတင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံပေးခဲ့ကြပါတယ်။ ကာကွယ်ဆေးထိုးနှံရာမှာ ကြုံတွေ့ရတဲ့အခြေအနေ၊ ကာကွယ်ဆေးထိုးနှံဖို့ဆိုရင် ရှောင်ရန်၊ဆောင်ရန်ကိစ္စရပ်တွေနဲ့ ကာကွယ်ဆေးထိုးနံှဖို့ ပြည်သူအချို့စိုးရိမ်မှုရှိနေတဲ့အပေါ် ကာကွယ်ဆေးထိုးနှံထားတဲ့ ပုသိမ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို တွေ့ဆုံမေးမြန်းထားမှုကို Current Interviews အစီအစဉ်က တင်ဆက်ပေးလိုက်ပါတယ်။