(၂၄) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် မူလထီလက်မှတ်များနှင့် အရန်ထီအက္ခရာမှ ထီစာအုပ် ရှစ်သောင်းကျော်အား ကုန်စင်အောင် ရောင်းချနိုင်ခဲ့
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှာ ဖွင့်လှစ်မယ့် (၂၄) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် မူလထီလက်မှတ်တွေနဲ့ အရန်ထီအက္ခရာမှ ထီစာအုပ် ရှစ်သောင်းကျော်ကို ကုန်စင်အောင် ရောင်းချနိုင်ခဲ့တယ်လို့ဇန်နဝါရီ ၂၈ရက်မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။