ရေးမြို့မရဲစခန်းရှိ အချုပ်သားများအား ဒုတိယအကြိမ်ဆေးစစ်ရာ COVID-19 Positive လူနာ (၃၄) ဦးထပ်မံတွေ့ရှိ
မွန်ပြည်နယ် ရေးမြို့၊ ရေးမြို့မရဲစခန်းဝင်းအတွင်းမှာရှိတဲ့ အချုပ်သားတွေကို ဇန်နဝါရီလ ၂၆ ရက်နေ့က ဒုတိယအကြိမ်ဆေးစစ်ရာ COVID – 19 ကူးစက်ကပ်ရောဂါ Positive လူနာ (၃၄) ဦးထပ်မံတွေ့ရှိခဲ့တယ်လို့ ရေးမြို့နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရပါတယ်။