ဂန္ထဝင်တစ်ဦးရဲ့ လမ်းခွဲဇာတ်ဟာ နာကျင်စရာကောင်းတယ်။ လမ်းပတ်ဟာ ချယ်လ်ဆီးရဲ့ ဂန္ထဝင်ပါပဲ။ ဘယ်တော့မှ မေ့မရမယ့် ဂန္ထဝင်စစ်သည်တော်၊ သွင်းဂိုးများနဲ့ ကွင်းလယ်နတ်ဘုရားပါပဲ။ ချယ်လ်ဆီးပရိသတ်တွေရဲ့ နှလုံးသားထဲ ထာဝရရှင်သန်နေမယ့် ချစ်ခြင်းမေတ္တာလည်း ဖြစ်ပြန်တယ်။
ဂန္ထဝင်တွေ နည်းပြအဖြစ် သက်ဆိုင်ရာအသင်းတွေဆီ ပြန်လာချိန်တိုင်း ကြည်နူးစရာကောင်းပါတယ်။ အောင်မြင်တာ၊ ကျရှုံးတာ ခေတ္တမေ့ထားပြီး ဂန္ထဝင်တွေကို နည်းပြအဖြစ် မြင်တွေ့ရတဲ့ ဖီလင်ဟာ သံယောစဉ်ဗဟိုပြု စစ်မှန်တဲ့ပရိသတ်တိုင်းအတွက် သိပ်ပြီးကြည်နူးစရာကောင်းတယ်။ ဇီဒန်းကြီး ရုန်းကန်ရချိန်တိုင်း၊ ဆိုးလ်ရှား ဖိအားတွေအောက် ရောက်သွားတိုင်း၊ သူတို့ကို ကစားသမားဘဝမှာ သံယောစဉ်ပြင်းထန်ခဲ့သူတွေဟာ ဝမ်းနည်းရတာပဲ၊ ဆွေးမြေ့ရတာပဲ။ အခုလည်း ဒီလိုပဲပေါ့။ ချယ်လ်ဆီးရဲ့ ဂန္ထဝင်တစ်ဦးဟာ နည်းပြဘဝမှာ လူညံ့တစ်ဦးလို စတေးခံလိုက်ရတာ၊ ဘယ်လောက် ဝမ်းနည်းဆွေးမြေ့စရာကောင်းသလဲ။