အင်ဒိုနီးရှား၏ သက်ဝင်လှုပ်ရှားမှုအများဆုံး မယ်ရာပီ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒေသခံတချို့ ဘေးလွတ်ရာရှောင်တိမ်း
ဇန်နဝါရီ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရှိ မယ်ရာပီ မီးတောင် ပေါက်ကွဲမှုဖြစ်ပွားကာ မီးတောင်ပြာတွေ မှုတ်ထုတ်ခဲ့သလို လမ်းမတွေအထိ ချော်ပြာတွေ စီးကျလာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာရှောင်တိမ်းခဲ့ရတယ်လို့ သိရပါတယ်။