ရခိုင်ပြည်နယ်ရှိစစ်ဘေးရှောင်ပြည်သူများအတွက်လှူဒါန်းမှုကို ကိုယ်စားလက်ခံပေးခဲ့တဲ့ ရခိုင်တိုင်းရင်းသားသရုပ်ဆောင် နေတိုး၊ နေထက်လင်းနှင့် ရတနာမိုင်
အလိုတော်ပြည့်ဆရာတော်ဘုရားကြီးကို ဦးထိပ်ထားပြီး သြစတြေးလျမှာရောက်ရှိနေကြတဲ့ ရခိုင်မိသားစုတွေစုပေါင်းပြီး ရခိုင်ပြည်နယ်ရှိစစ်ဘေးရှောင်ပြည်သူတွေအတွက် ငွေကျပ် သိန်း(၅၀) လှူဒါန်းခဲ့တာကြောင့် အဆိုပါအလှူငွေကို သရုပ်ဆောင် နေတိုး၊ နေထက်လင်းနဲ့ အဆိုတော် ရတနာမိုင်တို့မှ ကိုယ်စားလက်ခံပေးခဲ့တယ်လို့ သိရပါတယ်။ အလှူနဲ့ပါတ်သက်တဲ့ အကြောင်းများကို တော့ အခုလိုပဲပြောပြလာပါတယ်။