၁၁၅ မိုင်တိုးဂိတ်တွင် မော်တော်ယာဉ်များ စစ်ဆေးခြင်းမှာ Covid-19 နှင့် ပတ်သက်သော အချက် အလက်များအား ပုံမှန်စစ်ဆေးခြင်းသာဖြစ်ဟုသိရ

၁၁၅ မိုင်တိုးဂိတ်တွင် မော်တော်ယာဉ်များ စစ်ဆေးခြင်းမှာ Covid-19 နှင့် ပတ်သက်သော အချက် အလက်များအား ပုံမှန်စစ်ဆေးခြင်းသာဖြစ်ဟုသိရ
Published 30 January 2021

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ၁၁၅ မိုင် တိုးဂိတ်မှာ ရန်ကုန်မှလာတဲ့ မော်တော်ယာဉ်များကို ဖြတ်သန်းခွင့်မပြုပဲ ပြန်လွှတ်နေတယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ သတင်းများပျံ့နှံ့ခဲ့ပေမယ့် Covid-19 ရောဂါနှင့် ပတ်သက်တဲ့ အချက်အလက်များကို ပုံမှန်စစ်ဆေးနေခြင်းသာဖြစ်ပြီး အခြားထူးခြားတဲ့ ပြဿနာများမရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ များ ပြောကြားချက်များအရ သိရပါတယ်။