ဖားကန့်-လုံးခင်းရတနာနယ်မြေ၊ကထန်ကျေးရွာအနီး ကျောက်စိမ်းအရိုင်းတုံးများစွာကို တနေရာတည်းမှ တွေ့ရှိသဖြင့် လူအများအပြားတူးဖော်ရှာဖွေ
ကချင်ပြည်နယ်၊ ဖားကန့်-လုံးခင်းရတနာနယ်မြေ၊ကထန်ကျေးရွာအနီး မတ်စ်ကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းအတွင်းမှာ တန်ဖိုးရှိ ဈေးကွက်ဝင် ကျောက်စိမ်းအရိုင်းတုံးတွေ တနေရာတည်းမှ များစွာတွေ့ရှိမှုကြောင့် ချက်ချင်းသတင်းပျံ့နှံ့ကာ ရေမဆေးရှာဖွေသူ အများအပြား အလုအယက်လာရောက်တူးဖော်နေကြတယ်လို့ သိရပါတယ်။