တချို့ဆိုင် တစ်ဆိုင်နှစ်ဆိုင်ကြောင့် ရောင်းသူဝယ်သူကြား မျက်နှာငယ်နဲ့ဖြစ်သွားရတဲ့ Live Sale ရောင်းရတဲ့ အတွေ့အကြုံကိုပြောပြလာတဲ့ ရတနာမိုင်

တချို့ဆိုင် တစ်ဆိုင်နှစ်ဆိုင်ကြောင့် ရောင်းသူဝယ်သူကြား မျက်နှာငယ်နဲ့ဖြစ်သွားရတဲ့ Live Sale ရောင်းရတဲ့ အတွေ့အကြုံကိုပြောပြလာတဲ့ ရတနာမိုင်
Published 30 January 2021

ကိုဗစ်ကာလမှာ Online Live Sale တွေခေတ်စားလာတာနဲ့အမျှ အဆိုတော် ရတနာမိုင်ကလည်း ရတနာပစ္စည်းတွေကို Live လွှင့်ရောင်းချပေးတဲ့အခါမှာ ဆိုင်တိုင်းလိုလိုနဲ့တော့ အဆင်ပြေပေမယ့် တချို့တစ်ဆိုင်နှစ်ဆိုင်ကြောင့် ရောင်းသူဝယ်သူ စိတ်ချမ်းသာဖို့ ညှိပေးရင်း၊ ဈေးလျှော့ပေးခိုင်းရင်းကနေ မျက်နှာငယ်လေးနဲ့ဖြစ်သွားရတဲ့ အခိုက်အတန့်တွေရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။ အွန်လိုင်းပေါ် ကနေ တန်ဖိုးကြီး ရတနာပစ္စည်းတွေရောင်းချတာဖြစ်တဲ့အတွက် ကိုယ့်ကိုရော၊ ပစ္စည်းအရည်အသွေးကိုပါ ယုံကြည်လို့ ဝယ်ကြတာ ဖြစ်တာကြောင့် ဝယ်သူတွေဘက်ကနေ ရောင်းပေးဖြစ်တဲ့အကြောင်းကို ရတနာမိုင် က အခုလိုပဲပြောပါတယ်။

Most Viewed

Most Recent