ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများပြီးစီးပါကမန္တလေးဈေးချိုအပါအဝင်ကျောက်စိမ်းဈေးများကို ပြန်ဖွင့်ခွင့်ပေးမည်ဟုဆို
COVID-19 ရောဂါကူးစက်မှုနှုန်းထပ်မံလျော့ကျလာပြီးကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများပြီးစီးပါက မန္တလေးဈေးချိုအပါအဝင် ဈေးတွေနဲ့ ကျောက်စိမ်းဈေးတွေကို ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကဇန်နဝါရီလ ၂၉ရက်ကပြုလုပ်ခဲ့တဲ့ ‘’ တစ်ဦးနှင့်တစ်ဦးအသိပေးခြင်း၊သတိပေးခြင်းမိသားစုစီမံချက်’’အခမ်းအနားဖွင့်ပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။