ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာမှတဆင့် အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားပြီး လူ ၆ ဦး သေဆုံး
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က လူနေ အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းတဲ့ သုံးထပ်အဆောက်အဦပေါ်မှာအိပ်ပျော်နေတဲ့သူ ၆ ဦး သေဆုံးခဲ့ပါတယ်။